နေပြည်တော် ဩဂုတ် ၁၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံသမ္မတ မစ္စတာ ဗလာဒီမာပူတင်၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ရန်အတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် အထူးလေယာဉ်ဖြင့် နေပြည်တော်လေဆိပ်မှ ထွက်ခွာသည်။
ခရီးစဉ်အတွင်း
နိုင်ငံတော်သမ္မတသည် ရုရှားနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌနှင့်
ရုရှားအစိုးရပိုင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ထိုပြင် နိုင်ငံတော်သမ္မတသည်
ခရီးစဉ်အတွင်း မြန်မာ-ရုရှားစီးပွားရေးဖိုရမ်သို့လည်း တက်ရောက်မည်ဖြစ်သည်။
Credit









No comments:
Post a Comment