ဖလမ်း သြဂုတ် ၁၂
ချင်းပြည်နယ်အတွင်းရှိ ခရိုင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ပံ့ပေးအပ်သည့် ဆီနှင့် အခြေခံစားသောက်ကုန်ပစ္စည်းများ၊ ယာယီပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသည့် လူနာများအား အာဟာရဖြည့်စွက်စာများနှင့် ဆေးရုံအတွက် လိုအပ်သောဆေးဝါးများကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးက ဖလမ်းမြို့တော်ခန်းမနှင့် ဆေးရုံ၌ ထောက်ပံ့ပေးအပ်သည်။
ထို့ပြင်
ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်ဆည်မြောင်းဦးစီးဌာနအတွင်းရှိ
တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သည့် ဌာနဆိုင်ရာရုံးနှင့် ဝန်ထမ်းအိမ်ရာများ
ပြုပြင်နေမှုကိုလည်းကောင်း၊ ပြန်လည်ပြုပြင်နေသည့် ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း
ရုံးအဆောက်အအုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် သင်တန်းသား သင်တန်းသူ
အိပ်ဆောင်များကိုလည်းကောင်း၊ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပျက်စီးခဲ့ရသည့်
သင်ထောက်ကူပစ္စည်းများနှင့် စက်ကိရိယာများကိုလည်းကောင်း၊
မြို့နယ်စည်ပင်သာယာရေးကော်မတီပိုင် ဝန်ထမ်းအိမ်ရာပြုပြင်နေမှုများကိုလည်းကောင်း
လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ထို့အတူ
တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ
ဦးဇော်နိုင်ဦးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တီးတိန်မြို့နယ်အတွင်း
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊
အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၊ ခုတင် (၁၀၀) ဆံ့
ပြည်သူ့ဆေးရုံ၊ မြို့နယ်သမဝါယမဦးစီးဌာန ဝန်ထမ်းအိမ်ရာနှစ်ခန်းတွဲ၊ RC တစ်ထပ်ပြုပြင်ပြီးစီးမှုနှင့်
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့်
လမ်းလယ်ပန်းခြံနှင့် မြေထိန်းနံရံတည်ဆောက်ရေးလုပ်ငန်းများကိုလည်းကောင်း
ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
အလားတူ
တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မတီအတွင်းရေးမှူးသည်
တစ်စိတ်တစ်ပိုင်းပျက်စီးသည့် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံ၊ ဝန်ထမ်းအိမ်ရာပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊
အခြေခံပညာအလယ်တန်းကျောင်းခွဲ ကျောင်းဆောင်ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း၊
မြို့နယ်မီးသတ်ဦးစီးဌာန ရေကန်ပြန်လည်ပြုပြင်နေမှုကိုလည်းကောင်း
ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment