ရန်ကုန် ဩဂုတ် ၁၉
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နှစ်(၁၀၀)နှင့်အထက် သက်တမ်းရှိသော ရှေးဟောင်းအဆောက်အအုံ ၁၅၃ လုံးကို ရှေးဟောင်းအဆောက်အအုံအဖြစ် သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ အဆောက်အအုံများတွင် ပါဝင်သည့် ဦးသန့်နေအိမ်ပြတိုက်၊ အင်းဝဘဏ်တို့ကို ရှေးဟောင်းအဆောက်အအုံ ကြေးပြားကမ္ပည်း မော်ကွန်းတပ်ဆင်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သက်ဆိုင်ရာအဆောက်အအုံများ၌ ကျင်းပခဲ့ပြီး ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးတို့ တက်ရောက်၍ ကြေးပြားကမ္ပည်းမော်ကွန်းများ တပ်ဆင်ပေးကြသည်။
ယနေ့နံနက်ပိုင်းတွင်လည်း ဒဂုံမြို့နယ်ရှိ အမျိုးသားပြတိုက်(ရန်ကုန်)ရှိ အနော်ရထာမင်းစောရုပ်တု၊ ဘုရင့်နောင်မင်းတရားကြီးရုပ်တုနှင့် အလောင်းမင်းတရားကြီးရုပ်တုတို့ကို မွမ်းမံနေမှု၊ ပြတိုက် မြေညီထပ်ရှိ မြန်မာအက္ခရာနှင့် လက်ရေးမူပြခန်း၊ ရတနာပုံခေတ်ပြခန်း၊ ပထမထပ်ရှိ မြို့ပြယဉ်ကျေးမှုပြခန်း၊ မင်းခမ်းတော်ပြခန်းနှင့် သဘာဝသမိုင်း၊ ပရိုင်းမိတ်နှင့် ကျောက်ဖြစ်ရုပ်ကြွင်းများပြခန်းတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment