Thursday, August 27, 2026

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး နေပြည်တော်သို့ ရောက်ရှိ

 


နေပြည်တော် ဩဂုတ် ၂၆

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ဩဂုတ် ၂၅ ရက်မှ ၂၆ ရက်အထိ တရားဝင်ခရီးစဉ် လာရောက်သည့် ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Le Hoai Trung သည် ဗီယက်နမ်ကိုယ်စားလှယ်အဖွဲ့လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် နေပြည်တော်သို့ ရောက်ရှိခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်နှင့် တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ကြိုဆိုခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment