မကွေး ဩဂုတ် ၂၂
မကွေးတိုင်းဒေသကြီး ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲအချိန်က မကွေးမြို့၊ မြို့နယ်စုပေါင်းရုံး အစည်းဝေးခန်းမ၌ ကျင်းပရာ အခမ်းအနားသို မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းဒေသကြီးအစိုးရအဖွဲဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ
အ.ထ.က (ခွဲ) ဆားစည်မှ ကျောင်းသား/ကျောင်းသူ လေးများက “ ရွှင်လန်းချမ်းမြေ့ကြပါစေ” တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်
အဖွင့်အမှာစကားပြောကြားရာတွင် မကွေးတိုင်းဒေသကြီးအနေဖြင့် နိုင်ငံတော်အကြီးအကဲ၏
လမ်းညွှန်ချက်များဖြစ်တဲ့ “ကျန်းမာမှပညာသင်ကြားနိုင်မည်”၊ “ကျန်းမာမှ
အလုပ်လုပ်နိုင်မည်”၊ “လူ့အသက်ထက်အရေးကြီးတာဘာမှမရှိ” ဟူသည့် ဦးတည်ချက်၊
လမ်းညွှန်ချက်များကို အမြဲတစေဦးထိပ်ထား၍ မူဝါဒများချမှတ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို
ပညာရေးဝန်ကြီးဌာနအပါအဝင် နှီးနွယ်ဝန်ကြီးဌာနများ၊ နိုင်ငံတကာနှင့် ပြည်တွင်းအစိုးရမဟုတ်သည့်
အဖွဲ့အစည်းများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊
နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးဟာ နိုင်ငံသားများရဲ့ပညာရေးနဲ့
ကျန်းမာရေးအဆင့်အတန်းမြင့်မားမှုအပေါ် အဓိကမူတည်သည့်အတွက် နိုင်ငံ၏
အနာဂတ်လူ့စွမ်းအားအရင်းအမြစ်ဖြစ်တဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ကျန်းမာရေးအဆင့်အတန်းမြင့်မားခြင်းသည်
ကျန်းမာသန်စွမ်းတဲ့ လူ့အဖွဲ့အစည်းတည်ဆောက်နိုင်ရေးမှာ အခြေခံဖြစ်ပြီး အဓိကကျတဲ့
အခန်းကဏ္ဍဖြစ်ပါကြောင်း၊ ယခု (၂၀၂၆-၂၀၂၇) ပညာသင်နှစ်တွင် ကျောင်းတွင်း
အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို KG ကျောင်းသား၊
ကျောင်းသူစာရင်းကို အခြေခံပြီး မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ် (၂၁)
မြို့နယ်ရှိ အခြေခံပညာကျောင်း (၂,၁၂၂) ကျောင်း၌ KG ကျောင်းသား၊ ကျောင်းသူ (၂၈,၉၅၅) ဦးတို့အား ဇူလိုင်လတွင် (၂) ကြိမ်၊ ဩဂုတ်လတွင် (၂) ကြိမ်စာကျောင်းတွင်း အာဟာရကျွေးမွေးခြင်း
ဆောင်ရွက်ခဲ့ပြီး ရန်ပုံငွေများကိုလည်း ခွဲဝေချထားပြီးဖြစ်ပါကြောင်း၊
ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေးအဆင့်အတန်းမြင့်မားတိုးတက်လာစေရန်နဲ့
ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်
ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိတဲ့အပြင် နှစ်စဉ်ဩဂုတ်လ
ဒုတိယအပတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်
အခမ်းအနားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားလူငယ်များဟာ
နောင်အနာဂတ်ကာလမှာ နိုင်ငံတော်ဖွံဖြိုးတိုးတက်ရေးအတွက် အရေးပါတဲ့လူသားအရင်းမြစ်များဖြစ်ပြီး
ဗလငါးတန်နဲ့ ပြည့်ဝတဲ့ ကျောင်းသားလူငယ်များ ဖြစ်ပေါ်လာနိုင်ရေးအတွက်
ကျန်းမာရေးအဆင့်မြှင့်ကျောင်းလုပ်ငန်းစဉ်များကို ကျန်းမာရေးဝန်ထမ်းများ နဲ့
ပညာရေးဝန်ထမ်းများအနေဖြင့် နှီးနွယ်ဌာနများရဲ့ ပံ့ပိုးကူညီမှုများနဲ့
အတူရည်မှန်းချက်များ အောင်မြင်သည်အထိအရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြစေလိုကြောင်း
ပြောကြား သည်။
ဆက်လက်၍
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းကျန်းမာရေးသီးတင်းပတ် Video Clip ကိုပြသ
ပြီး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊
ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် ကျပန်းစကားပြောပြိုင်ပွဲတွင်
(အထက်တန်းအဆင့်) ဆုရရှိသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက်
ကျောင်းသား၊ ကျောင်းသူလေးများက ကျန်းမာရေးဆိုင်ရာတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ရာ
အ.ထ.က (၁) မကွေးမှ
ကျောင်းသား/ကျောင်းသူများက “စုံအောင်စားကြစို”၊ အ.ထ.က (၄) မှ
ကျောင်းသား/ကျောင်းသူလေးများက “လက်ဆေးကြမယ်”၊ အ.ထ.က (၂) မကွေးမှ
ကျောင်းသား/ ကျောင်း သူလေးများက “တစ်ကိုယ်ရေသန့်ရှင်း ကျန်းမာခြင်း”၊
အလ.က (၃) မှ ကျောင်းသား/ကျောင်းသူလေးများက ’Exercise is Medicine” တေးသရုပ်ဖော်တင်ဆက်ခြင်း၊
အ.လ.က (ရဲကျောင်း) မှ ကျောင်းသား/ ကျောင်းသူလေးများက” မျိုးဆက်တိုင်းကိုကာကွယ်ထား ကာကွယ်ဆေး၏စွမ်းပကား”
စသည့် သီချင်းများဖြင့် တေးသရုပ်ဖော်ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး
၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်း ကျန်းမာရေးသီးတင်းပတ် Video
Clip ကိုပြသပြီး၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊
ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆုရရှိသူ
မကွေးမြို့၊ အ.ထ.က (ခွဲ) မြို့မမှ Grade_10 ကျောင်းသူ မယွန်းလေပြေက ဆုရခေါင်းစဉ်ဖြင့်
ပြန်လည်တင်ဆက်သရုပ်ပြသခဲ့ပြီး ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် ကျောင်းသား/
ကျောင်းသူလေးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ
ချီးမြှင့်ပေးခဲ့သည်။
အခမ်းအနားအပြီးတွင်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါခန်းမအတွင်း
အခြေခံပညာကျောင်းများမှ ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုဆိုင်ရာ ခင်းကျင်းပြသထားမှုနှင့်
ကျောင်းကျန်းမာရေးဆောင်ရွက်ပေးနေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။
မောင်ခိုင်မင်း
(ပြန်/ဆက်)




No comments:
Post a Comment