မန္တလေး ဩဂုတ် ၁၂
မိုးသည်းထန်စွာရွာသွန်းမှုဖြစ်စဉ်များကြောင့် ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်အတွင်း ဒုဋ္ဌဝတီမြစ်ရေမြင့်တက်ခဲ့ပြီး ကျေးရွာအုပ်စု ရှစ်ခု၊ ကျေးရွာ ၂၄ ရွာတွင် မြစ်ရေ ဝင်ရောက်ခဲ့သဖြင့် ရေဝင်ရောက်နေမှု၊ မြစ်ရေများ ကျေးရွာများအတွင်းဖြတ်၍ အင်းအတွင်းစီးဆင်းနေမှု၊ အခြေခံပညာကျောင်းများ ယာယီပိတ်ထားရမှုတို့ကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးဝန်ကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။
ထို့ပြင် စဉ့်ကိုင်မြို့နယ် မြောက်ကိုင်းကျေးရွာအုပ်စု
ဆယ့်နှစ်ကိုင်းကျေးရွာ၊ ပလိပ်ကျေးရွာအုပ်စု အင်းလျား (န) ကျေးရွာ၊ တံတားဦးလေး+သာယာကျွန်းကျေးရွာများသို့
သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပလိပ်ကျေးရွာအုပ်စုရှိ ရတနာလာဘမုနိဆုတောင်းပြည့် မြွေဘုရားဓမ္မာရုံ၌
ရေဘေးသင့်ပြည်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျန်းမာရေးဆိုင်ရာအသိပေးချက်များကို
အထူးဂရုပြုလိုက်နာနေထိုင်ကြရန်၊ ရေဝင် နစ်မြုပ်ထိခိုက်ခဲ့သည့် စိုက်ပျိုးမြေများတွင်
စနစ်တကျပြန်လည် စိုက်ပျိုးနိုင်ရေးလိုအပ်သည့် စက်ကိရိယာများ၊ နည်းပညာများ၊ သွင်းအားစုများကို
ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ရေပြန်လည်ကျဆင်း၍ ပုံမှန် အခြေအနေသို့ ပြန်လည်ရောက်ရှိပါက
နေရပ်အသီးသီးသို့ပြန်လည်နေထိုင်နိုင်ရေး၊ ယာယီပိတ်ထားခဲ့ရသည့် အခြေခံပညာကျောင်းများ
အမြန်ဆုံးပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရေး စီမံဆောင်ရွက်ထားရှိကြောင်း ပြောကြားပြီး
ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ရေးပစ္စည်းများ၊ ထောက်ပံ့ငွေများနှင့် ဌာနဆိုင်ရာများနှင့်
လူမှုရေးအသင်းအဖွဲ့တို့မှ တာဝန်ရှိသူများအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ဒုဋ္ဌဝတီမြစ်ရေ မြင့်တက်မှုကြောင့် မြစ်ရေဝင်ရောက်ခဲ့သည့်
အိမ်ခြေ ၁၄၉၇ အိမ်၊ အိမ်ထောင်စု ၁၆၀၉ စုမှ လူဦးရေ ၅၈၀၅ ဦး ရေဘေးသင့်ခဲ့ပြီး မိုးစပါး
၂၈၆ ဧက၊
နေကြာ ၅၇ ဧက၊ ပဲမြစ် ၇၃ ဧက၊ ဟင်းသီးဟင်းရွက် ၁၉၁ ဧက၊ အခြားပဲ ၇၄ ဧက၊ ငှက်ပျော ၁၀ ဧက၊
ဖူးစားပြောင်း ခုနစ်ဧက စုစုပေါင်း ၆၉၈ ဧက ရေဝင်နစ်မြုပ် ခဲ့ကြောင်း၊ အခြေခံပညာအလယ်တန်းကျောင်း
(ခွဲ) တစ်ကျောင်း၊ မူလတန်းလွန်ကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်း ငါးကျောင်းတို့
ယာယီပိတ်ထားခဲ့ကြောင်း၊ ရေဝင်ရောက်ရာဒေသများတွင် နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ၊ ပရဟိတအဖွဲ့များနှင့် ဒေသခံပြည်သူများစုပေါင်း၍
ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီ ရွှေ့ပြောင်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


No comments:
Post a Comment