နေပြည်တော် ဩဂုတ် ၃၀
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရတနာစတီး မဏ္ဍိုင်တော် စိုက်ထူပူဇော်ခြင်းမင်္ဂလာအခမ်းအနား ကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ လိုဏ်တော်အတွင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ဒက္ခိဏသီရိ
မြို့နယ် မာရဝိဇယကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တနေမိန္ဒအမှူးပြုသော
ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊
သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မာရဝိဇယကျောင်းဆရာတော် ဘဒ္ဒန္တနေမိန္ဒ
အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူ ဆောက်တည်ကာ ဆရာတော်သံဃာတော် အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော
မေတ္တသုတ်ပရိတ် တရားတော်များကို နာယူကြည်ညိုကြသည်။
ဆက်လက်၍ ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊
ပရိတ်ချည်၊ ပရိတ်သဲများကို ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ပရိဝုဏ်တော်တွင် ပက်ဖျန်း၊
ကြဲဖြန့်၊ ချည်နှောင်၊ တားဆီး၊ ကာရံကြပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်များအား ပြည်ထဲရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့က
ရတနာစတီး မဏ္ဍိုင်တော်ပုံတော်ကို ဆက်ကပ်လှူဒါန်း၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ
ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ ဩဝါဒါစရိယ အောင်စည်သာပရိယတ္တိ စာသင်တိုက်
ပဓာန နာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘန္ဒန္တဝိစက္ခဏ အရှင်သူမြတ်ထံမှ
အနုမောဒနာတရားနာကြား၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ထို့နောက် ဥပါသကာများဦးဆောင်ပြီး ဘုရား
ဒါယကာများက ရတနာစတီးမဏ္ဍိုင်တော် အစိတ် အပိုင်းများကို လိုဏ်တော်အတွင်း၌ လက်ယာရစ် လှည့်လည်ပင့်ဆောင်၍
ဥပ္ပါတသန္တိစေတီတော် မြတ်ကြီး၏ ငြမ်းထက်သို့ ပင့်ဆောင်ကြကာ အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို
ဖတ်ကြား၍ မင်္ဂလာအချိန်တွင် ဘုရားဒါယကာများက ရတနာစတီးမဏ္ဍိုင်တော်ကို စိုက်ထူပူဇော်ကြသည်။
ယင်းနောက် ဆရာတော် သံဃာတော်အရှင် သူမြတ်တို့အား
ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဘောဇနသာလဆွမ်းစားဆောင်၌ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများက
နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment