ရန်ကုန် ဩဂုတ် ၉
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်နှင့် ကျုံပျော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံးများနှင့် ကျောင်းကုန်းမြို့ ထပ်ဆင့်လွှင့်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
မွန်းလွဲပိုင်းတွင် ဟင်္သာတခရိုင်ရုံး၌ ခရိုင်ဦးစီးရုံးနှင့် ဝန်ထမ်းများ၊ လေးမျက်နှာ၊ ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်တို့မှ မြို့နယ်ဦးစီးမှူးများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာနှင့် ဝန်ထမ်းရေးရာများ မှာကြားပြီး လေးမျက်နှာမြို့နယ် ရေဘေးသင့်ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများပေးအပ်သည်။
ထို့နောက် ဟင်္သာတထပ်ဆင့် လွှင့်စက်ရုံ၊ ဇလွန်မြို့နယ်နှင့် ဓနုဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးရုံးများကို ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment