Tuesday, August 25, 2026

နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး ကလေး-ဖလမ်း-ဟားခါးလမ်း ဖလမ်းခရိုင်အတွင်းရှိ လမ်းပိုင်းများပြုပြင်ပြီးစီးမှုနှင့် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဩဂုတ် ၂၄

ဆောက်လုပ်‌‌ရေးဝန်ကြီးဌာန ဖလမ်းခရိုင်လမ်းဦးစီးဌာနက ကလေး-ဖလမ်း-ဟားခါးလမ်း ကီလိုမီတာ (၁၂၇-၁၂၈)အကြား တောင်ပြိုမြေစာများအား ယန္တရားကြီးများဖြင့် ဖယ်ရှားပြုပြင်လျက်ရှိပြီး ကလေး-ဖလမ်း-ဟားခါးလမ်း ဖလမ်းခရိုင်အတွင်းရှိ လမ်းပိုင်းများကို ပြုပြင်လျက်ရှိရာ ကလေး-ဖလမ်း- ဟားခါးလမ်း ကီလိုမီတာ (၁၈၂-၁၉၇)ကြား ပျက်စီး နေသည့်လမ်းပိုင်းများကို လမ်းဦးစီးဌာနနှင့် လမ်းအထူးအဖွဲ့ ၁၀ ကလည်းကောင်း၊ ကီလိုမီတာ (၁၄၇-၁၅၁)ကြား မြေစာပြိုကျနေမှုများကို ဖယ်ရှားခြင်းနှင့် လမ်းပြုပြင်ခြင်းများကို ဖလမ်းခရိုင် လမ်းဦးစီးဌာနကလည်းကောင်း ဆောင်ရွက်ပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ ကလေး-ဖလမ်း-ဟားခါးလမ်းပိုင်းနှင့် ဖလမ်းခရိုင်အတွင်းရှိ လမ်းပိုင်းများပြုပြင်နေမှု၊ ဖလမ်းမြို့တွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦးသည် ချင်းပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ခင်မောင်ထွေး၊ ချင်းပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက် ရေးကော်မတီဝင်များ၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဝင်များနှင့်အတူ ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အော်တိုအိတ်ချိန်း၊ မိုက်ခရိုဝေ့စခန်းရုံးနှင့် အိမ်ရာအဆောက် အအုံပြုပြင်နေမှုနှင့် တပ်မတော်မှ MEC TEL ဆက်သွယ်ရေးလိုင်းတပ်ဆင်ကာ ဒေသခံများကို ဆက်သွယ်ရေးဝန်‌ဆောင်မှုပေးနေမှု၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ၊ စက်ရုံနှင့် ဂိုဒေါင်ပြုပြင်နေမှု၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ခရိုင်လမ်းဦးစီးရုံး အဆောက်အအုံပြုပြင်နေမှုနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း သင်တန်းသားအိပ်ဆောင်များ ပြုပြင်နေမှုကို ကြည့်ရှုစစ်ဆေးသည်။

ထို့အတူ တီးတိန်မြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ယနေ့တွင် တီးတိန်မြို့နယ် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်း‌ကျောင်း ပစ္စည်းဂိုဒေါင်ပြုပြင်ပြီးစီးမှု၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန ဘုန်းတော်ကြီးသင်ပညာရေး‌ကျောင်းရှိ ကျောင်းဆောင်၊ စားရိပ်သာပြုပြင်ခြင်းနှင့် ဝန်ထမ်းအိမ်ရာ ပြုပြင်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တွန်းဇံမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည် တည်ဆောက်ရေးလုပ်ငန်းကော်မတီ အတွင်းရေးမှူး သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခြောက်ခန်းတွဲ ဝန်ထမ်းအိမ်ရာ၊ မီးသတ်ရေကန်နှင့် လူငယ်သင်တန်းကျောင်းနည်းပြ အိပ်ဆောင်ပြုပြင် ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။                     

သတင်းစဉ်

No comments:

Post a Comment