နေပြည်တော် ဇူလိုင် ၂
စစ်ကိုင်းမြို့၌ ငွေကျပ်သိန်း ၄၆၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဝေါမြို့နယ်၌ ငွေကျပ် ၁၀၂ ဒသမ ၅ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၂၉ ရက် နံနက် ၈ နာရီတွင်
သတင်းအရ စစ်ကိုင်းမြို့ တကောင်းရပ်ကွက်အနီး၌ တမူးမြို့ စော်ဘွား (၆) ရပ်ကွက်နေသူများဖြစ်သည့်
ထက်ကိုဝင်း (၂၉) နှစ် မောင်းနှင်ပြီး ထက်ထက်ဇော် (ခ) အငယ်ကောင် (၂၃) နှစ် လိုက်ပါလာသော
HILUX SURF အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား
၂၃၀၀၀၀ (တစ်ပြားလျှင်ငွေကျပ် ၂၀၀၀ နှုန်းဖြင့် ၎င်းဒေသတန်ဖိုးငွေကျပ် သိန်း ၄၆၀၀) ဖမ်းဆီးရမိသဖြင့်
ထက်ကိုဝင်းနှင့် ထက်ထက်ဇော် (ခ) အငယ်ကောင်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားသည်။
အလားတူ ယင်းနေ့ည
၈ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
သတင်းအရ ဝေါမြို့နယ် ညောင်ခါးရှည်ကျေးရွာအနီးတွင် ဘားအံမြို့ (၉) ရပ်ကွက်နေ သက်အောင်ထွန်း
(ခ) နဂါး (၄၃) နှစ် မောင်းနှင်ပြီး ကော့ကရိတ်မြို့ အမှတ် (၃) ရပ်ကွက်နေ စိုးမျိုးထွန်း
(ခ) ကိုကြီး (၄၃) နှစ်နှင့် မိုးကောင်းမြို့ နတ်ကြီးကုန်းရပ်ကွက်နေ မလဖိုင်နန်ဘောက်
(၃၁) နှစ်တို့ လိုက်ပါလာသော TOYOTA HIACE အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ
မူးယစ်ဆေးဝါး TRAMADOL ဆေးတောင့် ၂၀၅၀၀ (ဆေးတစ်တောင့် လျှင်ငွေကျပ် ၅၀၀ နှုန်းဖြင့်
၎င်းဒေသတန်ဖိုးငွေကျပ် ၁၀၂ ဒသမ ၅ သိန်း) ဖမ်းဆီးရမိသဖြင့် သက်အောင်ထွန်း (ခ) နဂါး၊
စိုးမျိုးထွန်း (ခ) ကိုကြီးနှင့် မလဖိုင်နန်ဘောက်တို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment