ရန်ကုန် ဇူလိုင် ၂
“သယ်ယူပို့ဆောင်ရေးလုပ်ငန်းဆိုင်ရာ စိန်ခေါ်မှုများနှင့် အာမခံ”ဆွေးနွေးပွဲကို ဇူလိုင် ၄ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း (MHFTSA) မှ သိရသည်။
ယင်းဆွေးနွေးပွဲကို
Logistics & Supply Chain Management မဂ္ဂဇင်း၊ မြန်မာနိုင်ငံ အဝေးပြေးကုန်စည်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း
(MHFTSA) နှင့် Venture Synergy Co., Ltd တို့ ပူးပေါင်းစီစဉ်၍ EFI General Insurance မှ အဓိကပံ့ပိုးကူညီသည့်
“သယ်ယူပို့ဆောင်ရေး လုပ်ငန်းဆိုင်ရာစိန်ခေါ်မှုများနှင့် အာမခံ” Panel Discussion
(စကားဝိုင်းဆွေးနွေးပွဲ) ကို ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ
ရေရှည်တည်တံ့ခိုင်မြဲကာ ဆုံးရှုံးနိုင်ခြေအန္တရာယ်များကို ထိရောက်စွာ အကာအကွယ်ပေးနိုင်ရန် အသင်းဝင်လုပ်ငန်းရှင်များ၊ ဂိတ်တာဝန်ခံများနှင့်
ယာဉ်ပိုင်ရှင်များ တက်ရောက်ကြရန် ဖိတ်ခေါ်ထားသည်။ အဆိုပါဆွေးနွေးပွဲကို ဇူလိုင် ၄ ရက် မွန်းလွဲ ၁နာရီမှ ညနေ ၄ နာရီအထိ ကုန်စည်ဒိုင်အပေါ်ဆုံးထပ် အစည်းအဝေးခန်းမ
(ဘုရင့်နောင်) ၌ ကျင်းပသွားမည်ဖြစ်ပြီး မိမိတို့လုပ်ငန်းခွင်၌ လက်တွေ့ကြုံတွေ့နေရသော
အာမခံနှင့် လမ်းခရီးအခက်အခဲများကို ပညာရှင်များနှင့် တိုက်ရိုက်မေးမြန်းနိုင်သည်။
MT
No comments:
Post a Comment