နေပြည်တော် ဇူလိုင် ၂၁
အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုးသည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (World Food Program) ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael John Dunford အား ယနေ့နံနက်ပိုင်းတွင် အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ရုံးအမှတ် (၁) နေပြည်တော်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ်
မြန်မာနိုင်ငံတွင် WFP မှ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းအစီအစဉ် အကောင် အထည်ဖော်မှုအခြေအနေနှင့်
ရှေ့ဆက်လက်ဆောင်ရွက်ရန်ရှိသည့် လုပ်ငန်းအစီအစဉ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment