Saturday, July 11, 2026

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Ms. Ma Jia နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ရင်းနှီးပွင့်လင်းစွာဆွေးနွေး

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ပြည်ဝင်ဗီဇာကိစ္စရပ်များ အဆင်ပြေစွာဆောင်ရွက်နေမှု၊ တရုတ်လုပ်ငန်းရှင်များ အပါအဝင် တရုတ်နိုင်ငံသားများအနေဖြင့် ပြည်ဝင်ဗီဇာအမျိုးမျိုးဖြင့် မြန်မာနိုင်ငံသို့ ဝင်ထွက်သွားလာမှုနှင့် ဝန်ကြီးဌာနအနေဖြင့် နေခွင့်ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသနေပြည်သူများ နယ်စပ်ဂိတ်များမှတစ်ဆင့် တရားဝင်အပြန်အလှန် ဝင်ထွက်သွားလာမှု၊ မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံသားများအပါအဝင် နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများ ဆောင်ရွက်မှုအပေါ် ဥပဒေနှင့်အညီရှာဖွေ ဖော်ထုတ်အရေးယူ ဆောင်ရွက်နေမှု၊ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုဖြင့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာကိစ္စများ အဆင်ပြေစေရေးအတွက် ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်ရေး အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment