Saturday, July 11, 2026

သာသနာ‌‌ရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

 

နေပြည်တော် ဇူလိုင် ၁၀

သာသနာရေးဝန်ကြီးဌာန ၂၀၂၆ ခုနှစ် ဒုတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၉ နာရီက နေပြည်တော်ကောင်စီနယ်မြေ၌ကျင်းပရာ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် တက်ရောက်အမှာ စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဦးလင်းအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများတွင် မန်ကျည်းပင်များ စိုက်ပျိုးကြပြီး အရာထမ်း၊ အမှုထမ်းများက မန်ကျည်းပင်များ စိုက်ပျိုးနေမှုနှင့် ယခင်နှစ်က စိုက်ပျိုးထားရှိသော မန်ကျည်းပင်များ ရှင်သန်ဖြစ်ထွန်းမှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment