Saturday, July 18, 2026

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေး



နေပြည်တော် ဇူလိုင် ၁၇

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ ပူးပေါင်း ဆောင်ရွက်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ ကော်မရှင်အဖွဲ့ဝင် ဦးမင်းဟန်၊ အမြဲတမ်းအတွင်းဝန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး မှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး ကော်မရှင်ဥက္ကဋ္ဌက အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ဆွေးနွေးပွဲတွင် တာဝန်ရှိသူများက အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်းသည့် အကြောင်းအရာများကို ဆွေးနွေးကြပြီး တက်ရောက်လာ သူများက သိရှိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးကြသည်။

သတင်းစဉ်

No comments:

Post a Comment