နေပြည်တော် ဇူလိုင် ၁၇
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် မြန်မာနိုင်ငံ၌ တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ မကြာမီပြန်လည်ထွက်ခွာတော့မည့် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့် ကိုယ်စားလှယ်ဖြစ်သူ Ms. Sara Austin Netzer အား ယနေ့ညနေ ၃ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ်
Ms. Sara Austin Netzer အနေဖြင့် မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်ခဲ့စဉ်ကာလ အတွင်း မြန်မာနိုင်ငံနှင့်
UNOPS တို့အကြား နှစ်ဖက်ပူးပေါင်းဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် UNOPS မှ ဆက်လက်ဆောင်ရွက်မည့်
လုပ်ငန်းအစီအစဉ်များအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment