Friday, July 10, 2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ


နေပြည်တော် ဇူလိုင် ၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ် (၅၂) စားသုံးသူရေးရာဦးစီးဌာနရုံးအနီးရှိ မြေကွက်လပ်၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်အမှာစကားပြောကြားပြီး ရတနာတန်းဝင် ကျွန်းပင်အား စိုက်ပျိုးပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးဝင်းမြင့်ခိုင်၊ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူ များ၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက ရတနာတန်းဝင်ကျွန်းပင်များကို သတ်မှတ်နေရာများ၌ စိုက်ပျိုးကြသည်။ ယခုနှစ်မိုးရာသီတွင် ရတနာတန်းဝင်ကျွန်းပင် ၆၀၀ ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment