Saturday, July 18, 2026

နိုင်ငံခြားရေးဝန်ကြီးဌာန မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



နေပြည်တော် ဇူလိုင် ၁၇

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၈နာရီတွင် နေပြည် တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်သင်တန်းကျောင်းပရဝဏ်အတွင်း ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ တက် ရောက် အမှာစကား ပြောကြားသည်။

စုပေါင်းစိုက်ပျိုး

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ သံအမတ်ကြီးများ၊ တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများက ကျွန်း၊ ကံ့ကော်၊ ခရေ၊ မဟော်ဂနီပင်များစသည့် ပျိုးပင်ပေါင်း ၄၅၅ ပင်ကို သတ်မှတ်နေရာများတွင် စုပေါင်းစိုက်ပျိုးကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment