နေပြည်တော် ဇူလိုင် ၂၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မန္တလေးတိုင်းဒေသကြီး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါ်သိင်္ဂီအောင်နှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရန်ကုန်-မန္တလေး အမြန်လမ်းဘေး မယ်ညိုတောင်ကြိုးဝိုင်းအတွင်း သစ်တောလုပ်ငန်းများ ဆောင်ရွက်နေမှု သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တံတားဦးမြို့နယ်ရှိ
၂၀၂၅ ခုနှစ် တိုင်းဒေသကြီး အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ တွင် စိုက်ပျိုးထားသည့်
သစ်ပင်များ ရှင်သန်နေမှုအခြေအနေကို စစ်ဆေးသည်။
မွန်းလွဲပိုင်းတွင်
ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံ သစ်တောကျောင်းသို့ ရောက်ရှိပြီး သင်တန်းသားများ တက်ရောက်သင်ကြားနေမှုအခြေအနေ၊
စာသင်ဆောင်၊ သင်တန်းသားအိပ်ဆောင်နှင့် စုဝေးခန်းမ ဆောက်လုပ်မည့်နေရာကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ပြင်ဦးလွင်မြို့နယ်
အထူးစိမ်းလန်းစိုပြည်ရေးစိုက်ခင်းဧက ၁၉၀၊ တောင်ပြို တိုးချဲ့ကြိုးဝိုင်းရှိ ဆင်လမ်း
(၂) ရေလှောင်တမံစီမံကိန်း၏ ရေဝေရေလဲဒေသတွင် သစ်တောဦးစီး ဌာနမှ ယခုနှစ်မိုးရာသီ၌ စိုက်ပျိုးထားရှိမှုကို
သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment