နေပြည်တော် ဇူလိုင် ၄
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၄၆) ပြည်တွင်းအခွန်များဦးစီးဌာန၌ ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် ဦးဟန်ဝင်းအောင်၊ အမြဲတမ်းအတွင်းဝန်နှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားပြီး သတ်မှတ်နေရာတွင် ကံ့ကော်ပင်နှင့် ခရေပင်တို့ကို စိုက်ပျိုးပေးသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ခရေပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်း အောင်က ပိတောက်ပင်ကိုလည်းကောင်း၊ အရာထမ်း၊ အမှုထမ်းများက ကျွန်းပင်များကိုလည်းကောင်း စုပေါင်းစိုက်ပျိုးကြသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကံ့ကော်၊ ခရေ၊ ပိတောက်နှင့် ကျွန်းပင်ပေါင်း ၂၀၀ ကျော်ကို စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment