နေပြည်တော် ဇူလိုင် ၂၂
ဖလမ်းမြို့နယ်၌ ဦးစီးဌာန ရုံးပေါင်း ၃၈ ရုံး ဖွင့်လှစ်နိုင်ပြီဖြစ်ပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်း ၁၃၉၇ ဦးဖြင့် လုပ်ငန်းတာဝန်များကို ထမ်းဆောင်နေပြီဖြစ်ကြောင်းနှင့် ဖလမ်း၊ တီးတိန်၊ တွန်းဇံမြို့များတွင် ဦးစီးဌာန ရုံးပေါင်း ၁၁၀ ဖွင့်လှစ်လျက်ရှိပြီး ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများအပါအဝင် အရာထမ်း၊ အမှုထမ်းပေါင်း ၄၀၀၃ ဦးဖြင့် ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် ယနေ့တွင် ဖလမ်းမြို့ရှိ မီးသတ်တပ်ဖွဲ့ရုံး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၊
ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် အရာထမ်း၊ အမှုထမ်းဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးပြီး
ဝန်ထမ်းများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြားကာ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ဒုတိယဝန်ကြီးက
ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးဆိုင်ရာတွင် ရုံးများ၊ ဆေးရုံနှင့် ကျောင်းများ၊
အဆောက်အအုံများ ပြန်လည်ပြုပြင်/ တည်ဆောက်ခြင်းလုပ်ငန်းများအပြင် အသေးစား၊ အငယ်စား၊
အလတ်စားစီးပွားရေးလုပ်ငန်းများ၊ သမဝါယမစနစ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကိုလည်း
ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို
ဦးစားပေးအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
တွေ့ဆုံဆွေးနွေးစဉ် ပြောကြားသည်။
ယင်းနောက် တာဝန်ရှိသူများက
ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပြီးစီးသည့်
လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ်
လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment