ရန်ကုန် ဇူလိုင် ၂၂
ASEAN Championship – AFF Hyundai Cup 2026 အုပ်စုပွဲစဉ်များကို ဇူလိုင် ၂၄ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး မြန်မာပရိသတ်များ စောင့်မျှော်နေသည့် အိမ်ကွင်းပွဲစဉ်များဖြစ်သော မြန်မာ့လက်ရွေးစင်အသင်းနှင့် မလေးရှားအသင်းပွဲစဉ်ကို ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီခွဲတွင်လည်းကောင်း၊ မြန်မာအသင်းနှင့် လာအိုအသင်းပွဲစဉ်ကို ဩဂုတ် ၄ ရက် ညနေ ၄ နာရီခွဲတွင်လည်းကောင်း သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့်
အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ဖိလစ်ပိုင်၊ လာအိုအသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး
အုပ်စုတက်ရောက်နိုင်ရန် မလေးရှားနှင့် ဖိလစ်ပိုင်အသင်းတို့ကို အဓိကယှဉ်ပြိုင်ရမည်ဖြစ်သည်။
အုပ်စု (က) တွင် ဗီယက်နမ်၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားနှင့် တီမောလက်စ်တေအသင်းတို့
ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ပွဲဦးထွက်အဖြစ်
အိမ်ကွင်းတွင်ကစားရမည့် မြန်မာအသင်းသည် ပရိသတ်အားပေးမှုဖြင့် ကစားရမည်ဖြစ်၍ စိတ်ဓာတ်ရေးရာအားသာချက်ရှိနေပြီး
အုပ်စုတွင်းမှ နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ရန် ရမှတ်အပြည့်ရယူရန် လိုအပ်သည်။
နေမျိုး
No comments:
Post a Comment