Friday, July 31, 2026

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေအား အခြေခံသံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၄၇/၂၀၂၆) သင်တန်းသား သင်တန်းသူများ လာရောက်ဂါရဝပြုတွေ့ဆုံ

 

နေပြည်တော် ဇူလိုင် ၃၀

၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်မှ ဩဂုတ် ၁ ရက်အထိ လေ့လာရေးခရီးအဖြစ် နေပြည်တော်တွင် ရောက်ရှိနေသော ရန်ကုန်မြို့ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဖွင့်လှစ်လျက်ရှိသော အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၇/၂၀၂၆)မှ သင်တန်းသား သင်တန်းသူများသည် ယနေ့မွန်းလွဲပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေအား နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

ဂါရဝပြု တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက နှုတ်ခွန်းဆက်အမှာစကားပြောကြားပြီး သင်တန်းသား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။

ဂါရဝပြု တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်၊ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်

No comments:

Post a Comment