နေပြည်တော် ဇူလိုင် ၁၆
ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် ယနေ့တွင် မန္တလေးဘူတာကြီး၌ တိုင်းတာဝန်ခံအရာရှိများနှင့် တွေ့ဆုံပြီး ရထားလမ်းများ၊ တံတားများ၊ ရထားစက်ခေါင်းနှင့်တွဲများ ကောင်းမွန်စေရေးနှင့် ဘူတာများ သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ကျူးကျော်နေအိမ်များ ရှင်းလင်းရေးတို့ကို ဆွေးနွေးမှာကြားကာ မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာမည့် အမှတ် (၁၀) အစုန် DEMU ရထားအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ကျောက်ဆည်ဘူတာနှင့်
ဘဲလင်းဘူတာကြားရှိ တံတားအမှတ် (၇၇၁) အသစ်ပြန်လည်တည်ဆောက်နေမှု၊ ကျောက်ဆည်ဘူတာသစ် တည်ဆောက်နေမှု၊
ကျောက်ဆည်ဘူတာနှင့် မင်းစုဘူတာကြားရှိ တံတားအမှတ် (၇၃၉) အသစ်ပြန်လည်တည်ဆောက်နေမှု၊
စမုံဘူတာနှင့် သပြေတောင်းဘူတာကြားရှိ တံတားအမှတ် (၆၉၁) ၌ စက်ယန္တရားကြီးများဖြင့် Foundation
လုပ်ငန်း၊ မြေထိန်းနံရံဆောင်ရွက်မှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ယမန်နေ့ကလည်း မန္တလေး-လားရှိုးရထားလမ်းပိုင်းရှိ
နောင်ချိုဘူတာ၊ ဝက်ဝံဘူတာနှင့် ဇီးပင်ကြီးဘူတာတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment