ရန်ကုန် ဇူလိုင် ၂၈
မြန်မာ-ဂျပန် စီးပွားရေးဖိုရမ် ဒုတိယပိုင်းအစီအစဉ်ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗင်းရှင်းစင်တာ (Myanmar Convention Center Yangon) ၌ ဆက်လက်ကျင်းပပြီး ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများကို ဆွေးနွေးကြသည်။
ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဆွေလင်းက မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးအခွင့်အလမ်းများကိုလည်းကောင်း၊
အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံကြမည့် ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအတွက် ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှုများကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းက ပို့ကုန်သွင်းကုန်များနှင့် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း၊ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းဇော်ဦးက ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်နှင့် အခွင့်အလမ်းများကိုလည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊
ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက မြန်မာစီးပွားရေးဝန်းကျင်နှင့် အလားအလာများကိုလည်းကောင်း၊ မြန်မာ-ဂျပန် သီလဝါဖွံ့ဖြိုးရေးလီမိတက် ဒုတိယဥက္ကဋ္ဌ ဦးသူရိန်အောင်က သီလဝါအထူးစီးပွားရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကိုလည်းကောင်း၊
ဂျပန်နိုင်ငံ Eco System Collaborator
Earth Co., Ltd. မှ
Mr. Akihito Sato က
ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများကိုလည်းကောင်း
ဆွေးနွေးတင်ပြကြသည်။
ထို့နောက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး စကားဝိုင်းဆွေးနွေးကြသည်။
ယင်းနောက် ဂျပန်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက
ဆွေးနွေးကြပြီး MoU နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကိုကျင်းပရာ ဝါးခယ်မ Trading Co., Ltd. မှ ဒေါက်တာစိုးထွန်းနှင့် ဂျပန်နိုင်ငံ
Fruit
World Foundation PTE Co., Ltd. မှ Mr.
Abe Hideyuki ၊
Double Island MS Co., Ltd. မှ
ဒေါက်တာ မင်းမင်းကျော်နှင့် ဂျပန်နိုင်ငံ Green Carbon Co., Ltd. မှ မစ္စတာ တာကဲဟိကိုခိုနုမ၊ Myanmar Paddy Producer Association
Co., Ltd. မှ
ဦးခင်မြင့်နှင့် ဂျပန်နိုင်ငံ Green Carbon Co., Ltd. မှ မစ္စတာ တာကဲဟိကိုခိုနုမ၊ Myanmar Tourism Bank
Co., Ltd. မှ
ဦးရန်ဝင်းနှင့် ဂျပန်နိုင်ငံ Fruit's World Foundation
PTE Co., Ltd. မှ
Mr . Yano Kensuke တို့က
နားလည်မှု စာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်ကျော်ဟိုး၊ ဒေါက်တာကံဇော်၊ ဒေါက်တာ ချာလီသန်း၊ ဦးခင်မောင်စိုး၊ ဦးထွန်းအုံနှင့် ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ၊ ဂျပန်နိုင်ငံ INGO Peace ဥက္ကဋ္ဌ Mr. Nakazawa Hiroyuki နှင့် တာဝန်ရှိသူများ၊ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment