နေပြည်တော် ဇွန် ၂
အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တွင် တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ အိန္ဒိယနိုင်ငံ၊ Reserve Bank of India H.E. Shri. Sanjay Malthotra က ယနေ့နံနက်ပိုင်းတွင် လာရောက်ဂါရဝပြုတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
နှစ်နိုင်ငံကုန်သွယ်မှုနှင့် စီးပွားရေးလုပ်ငန်းများတိုးတက်စေရေးနှင့်
နယ်ပယ်ပေါင်းစုံမှ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊
ကုန်သွယ်မှုလုပ်ငန်းများတွင် ငွေပေးချေမှုများ ပိုမိုမြန်ဆန်ချောမွေ့စေရေးအတွက်
နှစ်နိုင်ငံဘဏ်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများ၊
ကုန်သွယ်မှုလုပ်ငန်းများအတွက် ရူပီးနှင့် ကျပ်ငွေ တိုက်ရိုက်ပေးချေနိုင်ရေး
ဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံမှ ဘဏ်ဝန်ထမ်းများအား ဘဏ်လုပ်ငန်းစနစ်များနှင့်
ပတ်သက်၍ အိန္ဒိယနိုင်ငံမှ မျှဝေဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊
နှစ်နိုင်ငံအကြား Digital
ငွေပေးချေမှုစနစ်၏ အတွေ့အကြုံများကို မျှဝေဆောင်ရွက်နိုင်မှု အခြေအနေများနှင့်
ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့
နိုင်ငံတော်သမ္မတနှင့်အတူ ခရီးစဉ်တွင်လိုက်ပါသွားသည့်
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးခင်မောင်ရီ၊ ဦးတင်မောင်ဆွေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ
ဒေါက်တာ ခင်နိုင်ဦးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး အိန္ဒိယနိုင်ငံ၊ Reserve Bank of India ၏
ဥက္ကဋ္ဌနှင့်အတူ အိန္ဒိယနိုင်ငံ ပြည်ပရေးရာဝန်ကြီးဌာနမှ တာဝန်ရှိသူများ
တက်ရောက်ကြခဲ့ကြကြောင်း သတင်းရရှိသည်။
No comments:
Post a Comment