Wednesday, June 24, 2026

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် ဘင်းမ်စတက် အတွင်းရေးမှူးချုပ်အား လက်ခံတွေ့ဆုံ

 



နေပြည်တော် ဇွန် ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဘင်းမ်စတက်အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ် (၁၅) ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ဘင်းမ်စတက်ပူးပေါင်းဆောင်ရွက်မှုအောက်တွင် စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေးကဏ္ဍ၌ ဦးဆောင်နိုင်ငံအဖြစ် မြန်မာနိုင်ငံက တာဝန်ယူဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဘင်းမ်စတက်နိုင်ငံများ၏ စားရေရိက္ခာဖူလုံရေးကို ပိုမိုအလေးထားပြီး ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်ဆောင်ရွက်ရန် ကိစ္စရပ်များ၊ ဘင်းမ်စတက်စိုက်ပျိုးရေးနှင့် မွေးမြူရေးပူးပေါင်းဆောင်ရွက်ရန် ရေးဆွဲထားပြီးဖြစ်သည့် လုပ်ငန်းအစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေး၊ လုပ်ငန်းစဉ်များ၏ တိုးတက်မှုကို စနစ်တကျစောင့်ကြည့်ရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြား သတင်းအချက်အလက်နှင့် နည်းပညာဖလှယ်မှုများ ပိုမိုအားကောင်းလာစေရေးဆိုင်ရာကိစ္စရပ်များ၊ သုတေသနပူးပေါင်းဆောင်ရွက်ရေး၊ နည်းပညာဖလှယ်ရေး၊ နည်းပညာလွှဲပြောင်းရေး၊ စွမ်းဆောင်ရည်မြှင့်တင်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးဆိုင်ရာများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment