နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် နေပြည်တော်ကောင်စီလူငယ်ရေးရာကော်မတီတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်ပိုင်းတွင် ပုဗ္ဗသီရိမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် လူငယ်ရေးရာဗဟိုကော်မတီ
ဒုတိယဥက္ကဋ္ဌ (၁) လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လူငယ်ရေးရာဝန်ကြီးဌာနသည်
အားကိုးထိုက်သည့် အရည်အချင်း၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူငယ်မောင်မယ်များ ဖြစ်လာစေရန်အတွက်
ယခုကဲ့သို့ လူငယ်အသိပညာပေးဟောပြောပွဲများ ကျင်းပပြီး လေ့ကျင့်ပေးလျက်ရှိကြောင်း၊ လူငယ်များကို
လူ့အဖွဲ့အစည်း၏ အနာဂတ်ခေါင်းဆောင်ဆိုသည့် မျှော်လင့်ချက်နှင့်အညီ ကျန်းမာကြံ့ခိုင်ပြီး
စည်းကမ်းရှိသည့်၊ စိတ်ထားကောင်းမွန်ပြီး စိတ်ဓာတ်မြင့်မားသည့် တိုင်းကျိုးပြည်ပြုလူငယ်များ
ဖြစ်လာစေလိုကြောင်း တိုက်တွန်းပြောကြားပြီး အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအတွက်
အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်
ဦးထွန်းထွန်းတို့က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းနှင့် ဆွေးနွေးဟောပြောမည့် လူငယ်ကိုယ်စားလှယ်တို့ကို
ဂုဏ်ပြုလက်ဆောင်များ ပေးအပ်သည်။
ယင်းနောက် လူငယ်နှင့် မိုဘိုင်းဖုန်း/ မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့်
အသိပညာပေးဟောပြောဆွေးနွေး ခြင်း၊ ကျောင်းသား ကျောင်းသူများအား ဉာဏ်စမ်းပဟေဠိများ မေးမြန်းခြင်းတို့
ဆောင်ရွက်ပြီး ဒုတိယဝန်ကြီး ဦးစစ်နိုင်၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက
ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment