Friday, June 12, 2026

မြေဩဇာကော်မတီ၏ (၄၇) ကြိမ်မြောက် အစည်းအဝေး ကျင်းပ



နေပြည်တော် ဇွန် ၁၁

မြေဩဇာကော်မတီ၏ (၄၇) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြေဩဇာ ကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်းက အမှာ စကားပြောကြားပြီး မြေဩဇာကော်မတီ တွဲဖက်အတွင်းရေးမှူးက (၄၇) ကြိမ်မြောက် အစည်း အဝေးသို့ တင်ပြလာသည့် အမှာစာများကို ဖတ်ကြားတင်ပြရာ မြေဩဇာကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ ဝင်များက အကြောင်းအရာတစ်ခု ချင်းအပေါ် စိစစ်ဆွေးနွေးဆောင်ရွက်ကြသည်။

စားရေရိက္ခာ ဖူလုံရေးနှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေး လုပ်ငန်းများတွင် အရည်အသွေးပြည့်မီသော ဓာတ်မြေဩဇာများ သုံးစွဲနိုင်ကြစေရန် မြေဩဇာ ဆိုင်ရာ နည်းပညာအဖွဲ့၏ ထောက်ခံချက်ဖြင့် မြေဩဇာကော်မတီအစည်းအဝေးများက မြေဩဇာမှတ်ပုံတင်လက်မှတ်များ စိစစ်ခွင့်ပြုပေးလျက်ရှိရာ (၄၆) ကြိမ်မြောက် အစည်းအဝေးအထိ မှတ်ပုံတင်လက်မှတ်ပေါင်း ၁၃၅၀၆ စောင် ခွင့်ပြုပေးနိုင်ခဲ့ကြောင်း၊ ကာယကံရှင်၏ တင်ပြ ချက်အရ ပယ်ဖျက်မှု ၂၄၀၇ စောင်နှင့် သက်တမ်းကျော်လွန်ခြင်းကြောင့် ဌာနကဖျက်သိမ်းခဲ့ရ သည့် ၂၉၆၃ စောင်ရှိသဖြင့် နိုင်ငံတစ်ဝန်း၌ ယနေ့ထိ မြေဩဇာမှတ်ပုံတင် ၈၁၃၆ စောင်ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment