နေပြည်တော် ဇွန် ၂
အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့၌ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ညနေပိုင်းတွင် မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူး Shri. Jishnu Dev Verma နှင့် တွေ့ဆုံ ဆွေးနွေးသည်။
ဦးစွာ
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် Maharashtra Lok Bhavan Mumbai
(Governor’s House) သို့ ရောက်ရှိရာ မဟာရာရှ်ထရာပြည်နယ်
အုပ်ချုပ်ရေးမှူးက ရင်းရင်းနှီးနှီး ကြိုဆိုနှုတ်ဆက်သည်။
တွေ့ဆုံဆွေးနွေး
ထို့နောက်
နိုင်ငံတော်သမ္မတနှင့် မဟာရာရှ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည်
တွေ့ဆုံဆွေးနွေးကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ
အဖွဲ့ဝင်အဖြစ်လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ အိန္ဒိယနိုင်ငံဆိုင်ရာ
မြန်မာနိုင်ငံသံအမတ်ကြီးတို့ တက်ရောက်ကြပြီး မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးနှင့်
ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ
အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံဆွေးနွေးရာတွင်
နှစ်နိုင်ငံအိမ်နီးချင်းကောင်းနိုင်ငံများဖြစ်သည်နှင့်အညီ သမိုင်းကြောင်းတစ်လျှောက်
ကောင်းမွန်သည့်ဆက်ဆံရေးများရှိခဲ့မှုနှင့် ချစ်ကြည်ရင်းနှီးမှုနှင့်
ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ကောင်းမွန်လျက်ရှိမှု အခြေအနေများ၊
နှစ်နိုင်ငံပြည်သူများအချင်းချင်း အပြန်အလှန်ကူးလူးဆက်ဆံမှုများရှိမှုအခြေအနေများ၊
မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ-အိန္ဒိယနှစ်နိုင်ငံအကြား
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံ မှုများ ပိုမိုတိုးတက်စေရေး
ကြိုးပမ်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ မြန်မာနိုင်ငံ၌ သဘာဝဘေးအန္တရာယ်များ
ကျရောက်ချိန်တွင် အိန္ဒိယနိုင်ငံအနေဖြင့် အိမ်နီးချင်းကောင်းပီသစွာဖြင့်
ကူညီမှုများ ဆောင်ရွက်ပေးခဲ့မှုအပေါ် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူများအနေဖြင့်
ကျေးဇူးတင်ရှိမှု အခြေအနေများနှင့် အခြားနှစ်နိုင်ငံအကြား
ကဏ္ဍပေါင်းစုံတွင်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှုအခြေအနေများနှင့်
ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲအပြီးတွင်
နိုင်ငံတော်သမ္မတနှင့် မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးတို့သည် တက်ရောက်လာကြသူများနှင့်အတူ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည်
မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးက တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲပြုလုပ်မည့်နေရာသို့ရောက်ရှိရာ
ပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံနိုင်ငံတော်သီချင်းများကို
ဂုဏ်ပြုတီးမှုတ်ကြသည်။
ဆက်လက်၍
နိုင်ငံတော်သမ္မတအား မဟာရာရှ်ထရာပြည်နယ် အုပ်ချုပ်ရေးမှူးက ပြည်နယ်အစိုးရအဖွဲ့မှတာဝန်ရှိသူများနှင့်
မိတ်ဆက်ပေးပြီး နိုင်ငံတော်သမ္မတက ကိုယ်စားလှယ်အဖွဲ့ဝင်များအား
ပြန်လည်မိတ်ဆက်ပေးသည်။
ထို့နောက်
နိုင်ငံတော်သမ္မတ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မဟာရာရှ်ထရာပြည်နယ်အုပ်ချုပ်ရေးမှူးက
ဂုဏ်ပြုညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။ ညစာမသုံးဆောင်မီနှင့် သုံးဆောင်နေစဉ်အတွင်း
မဟာရာရှ်ထရာပြည်နယ်ဂုဏ်ပြုတီးဝိုင်းအဖွဲ့က နှစ်နိုင်ငံတေးသီချင်းများဖြင့်
တီးမှုတ်ဖျော်ဖြေကြသည်။
ဂုဏ်ပြုညစာသုံးဆောင်အပြီးတွင်
နိုင်ငံတော်သမ္မတသည် Maharashtra
Lok Bhavan Mumbai (Governor’s House) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင်
မှတ်တမ်းတင်လက်မှတ်ရေးထိုးသည်။
ယင်းနောက်
နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မဟာရာရှ်ထရာပြည်နယ် ဂုဏ်ပြုတီးဝိုင်းအဖွဲ့၏
ဖျော်ဖြေတီးမှုတ်မှုအား ကြည့်ရှုအားပေးပြီး နိုင်ငံတော်သမ္မတနှင့်
ပြည်နယ်အုပ်ချုပ်ရေးမှူးတို့က ချီးမြှင့်ငွေများပေးအပ်ကာ ရင်းရင်းနှီနှီးနှုတ်ဆက်ခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment