နေပြည်တော် ဇွန် ၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြန်မာအီလက်ထရော နစ်မဲပေးစက် (MEVM) ပြင်ဆင်ထိန်းသိမ်းခြင်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီတွင် ရွာတော်ဆင်ဖြူရှင်ခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသန်းစိုးက ယခုသင်တန်းကို
ကော်မရှင်အဖွဲ့ခွဲရုံးအသီးသီးရှိ ဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက်များနှင့်
စပ်လျဉ်း၍ ကျွမ်းကျင်မှုရှိစေရန်နှင့် မဲပေးစက်စစ်ဆေးပြုပြင်ထိန်းသိမ်းမှုများကို ကိုယ်တိုင်စဉ်ဆက်မပြတ်
ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ မဲပေးစက်များသည် ရွေးကောက်ပွဲအတွက်
အရေးကြီးသည့် ကြီးကြပ်ကန့်သတ်ပစ္စည်းများဖြစ်သည့်အတွက် ထားသိုထိန်းသိမ်းရာတွင် လုံခြုံမှုရှိရန်၊
သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့်ဖြစ်စေ
ပျက်စီးထိခိုက်မှုမဖြစ်အောင် စနစ်တကျထားသိုထိန်းသိမ်းကြရန်၊ ခြောက်လတစ်ကြိမ်
စဉ်ဆက်မပြတ် ပုံမှန်စစ်ဆေးခြင်းများကို အလေးထားဆောင်ရွက်ကြရန်ပြောကြားသည်။
ထို့နောက်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်မာအီလက်ထရောနစ်မဲပေးစက်
(MEVM) ပြင်ဆင်ထိန်းသိမ်းခြင်း
သင်တန်းသင်တန်းပို့ချနေမှုကို ကြည့်ရှုသည်။
အဆိုပါသင်တန်းဖွင့်ပွဲသို့
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ရုံးတာဝန်ရှိသူများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးအဆင့်ဆင့်တို့မှ
သင်တန်းသား သင်တန်းသူ ၁၀၀ တက်ရောက်ခဲ့ကြပြီး သင်တန်းကို ဇွန် ၂ ရက်မှ ဇွန် ၂၆ ရက်အထိ
ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment