နေပြည်တော် ဇွန် ၃
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့အကြား ပိုမိုချစ်ကြည်ရင်းနှီးစေရေး၊ ယဉ်ကျေးမှုဖလှယ်ရေးနှင့် ပြည်သူများအကြား ထိတွေ့ဖလှယ်မှုမြှင့်တင်နိုင်ရေးတို့ကိုရည်ရွယ်၍ “၂၀၂၆ ခုနှစ် တရုတ်ရုပ်ရှင်ပြပွဲ ရက်သတ္တပတ်အစီအစဉ်” ကို ဇွန် ၈ ရက်မှ ၁၁ ရက်အထိ နေပြည်တော်ဥတ္တရသီရိမြို့နယ် Ocean ဈေးဝယ်စင်တာရှိ JCGV ရုပ်ရှင်ရုံ၌ ကျင်းပပြုလုပ်မည်ဖြစ်သည်။
အဆိုပါ ရုပ်ရှင်ပြပွဲတွင် မြန်မာဘာသာစာတမ်းထိုး တရုတ်ရုပ်ရှင်ဇာတ်ကား ၇ ကား ပြသသွားမည်ဖြစ်ရာ ပြည်သူများ အခမဲ့လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment