ရန်ကုန် ဇွန် ၁၆
ဝဇီရာရုပ်ရှင်ရုံ သို့မဟုတ် ခေတ်များကို ဖြတ်သန်းခဲ့သော အနုပညာ အမွေအနှစ် စာတမ်းဖတ်ပွဲကို ယနေ့တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စာဆိုဗိမာန်၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်း ဒေသကြီး ပြန်ကြားရေး၊ ကယ်ဆယ်ရေးနှင့် သာသနာရေးဝန်ကြီး၊ စာပေ၊
ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ
တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး
ဦးထိန်လင်းက အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် စာတမ်းဖတ်ပွဲသည် မြန်မာ့ရုပ်ရှင်၊
မြန်မာ့အနုပညာသမိုင်းအတွက် အလွန်အရေးပါလှသည့် မှတ်တမ်းတစ်ခုဖြစ်ပါကြောင်း၊ အတိတ်ကိုထိန်းသိမ်း၍
အနာဂတ်ကို တည်ဆောက်မည်ဆိုသည့် အလွန်လေးနက်လှသော ဦးတည်ချက်ဆောင်ပုဒ်နှင့်အညီ ကျင်းပခြင်းဖြစ်ပါကြောင်း၊
နိုင်ငံတော် အစိုးရအနေဖြင့် မြန်မာ့အနုပညာ၊ ယဉ်ကျေးမှုနှင့် သမိုင်းဝင်အမွေအနှစ်များကို
မည်မျှအထိ တန်ဖိုး ထား စောင့်ရှောက်နေသည်ကို ယနေ့ မိမိတို့ ပြန်လည်အသက်သွင်းနေသည့်
နိုင်ငံတကာအဆင့်မီ ဝဇီရာ ဂုဏ်ပြုခံ ကဇာတ်ရုံကြီးက သက်သေပြနေမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စာတမ်းဖတ်ပွဲကို
ကျင်းပရာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်
(ရန်ကုန်)၊ မြန်မာရေးရာ သုတေသနအဖွဲ့၊ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံဂီတအစည်းအရုံး
(ဗဟို) တို့မှ စာတမ်းရှင်ခုနစ်ဦးက စာတမ်းများ ဖတ်ကြားကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်
သဘာ ပတိနှင့် စာတမ်းရှင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment