Wednesday, June 17, 2026

ဥပဒေရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ



နေပြည်တော် ဇွန် ၁၆

နေပြည်တော် စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် ဥပဒေ ရေးရာဝန်ကြီးဌာန၏ ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းက ရုံးအမှတ် (၂၅) ဥပဒေရေးရာဝန်ကြီးဌာန၌ ကျင်းပရာ သတ်မှတ်နေရာတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက ပိတောက်ပျိုးပင်ကိုလည်းကောင်း၊ ဒုတိယဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ် ဒေါက်တာထိန်လင်းဦးက ကံ့ကော်ပျိုးပင်ကိုလည်းကောင်း၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ပိတောက်ပျိုးပင်များကိုလည်းကောင်း စိုက်ပျိုးပေးကြပြီး အရာထမ်း၊ အမှုထမ်းများ၏ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ဆက်လက်၍ ဥပဒေရေးရာ ဝန်ကြီးဌာန ရုံးအမှတ် (၂၅) ၏ ရှေ့မျက်နှာစာရှိ ဝန်ထမ်းသက်သာ ချောင်ချိရေးဆိုင်တွင် အရာထမ်း၊ အမှုထမ်းများအနေဖြင့် အခြေခံစားသောက်ကုန်များကို အလွယ် တကူ ဝယ်ယူနိုင်ရန်၊ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရန် သက်ဆိုင် ရာဝန်ကြီးဌာနများထံ ဆက်သွယ်မှာယူပြီး တစ်ဆင့်ပြန်လည်ရောင်းချပေးလျက်ရှိရာ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအား သက်သာသောစျေးနှုန်းဖြင့် ဆန်နှင့် ဆီများရောင်းချပေးမှုကို ကြည့်ရှုအားပေးပြီး အာဟာရကြက်ဥများကို အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment