ပူတာအို ဇွန် ၂၇
ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းရှိ
အခြေခံပညာကျောင်းများအတွက် နိုင်ငံတော်အစီအစဉ် ဖြင့်ပေးပို့လာသော ကျောင်းသုံးဗလာစာအုပ်များ၊
ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများကို မြစ်ကြီးနား -
ဆွမ်ပရာဘွမ် - ပူတာအို ပြည်ထောင်စုကားလမ်းမကြီးအတိုင်း တင်ဆောင်လာသည့် မော်တော်ယာဉ်သုံးစီးသည်
ယမန်နေ့ ညနေပိုင်းက ပူတာအိုမြို့သို့ ရောက်ရှိလာသည်။
ရောက်ရှိလာသော
ကျောင်းသုံးဗလာစာအုပ်များ၊ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များနှင့် ကျောင်းသုံးစာရေးကိရိယာများအား
သိုလှောင်ရုံတွင် စနစ်တကျ ထိန်းသိမ်းထားနိုင်ရေးအတွက် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန
ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပညာရေးဌာန ဝန်ထမ်းများ၊
သစ်တောဦးစီးဌာနဝန်ထမ်းများက သိုလှောင်ရုံသို့ စနစ်တကျ သယ်ယူပို့ဆောင်နေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက
ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)

No comments:
Post a Comment