နေပြည်တော် ဇွန် ၅
ချင်းပြည်နယ်၊ ဖလမ်းမြို့ ပြန်လည်ထူထောင်ရေးနှင့် ဖလမ်းမြို့၊ ဟားခါးမြို့နှင့် ဒေသတစ်ဝိုက်ရှိ ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးအပ်သည့် အခြေခံ စားသောက်ကုန်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကျောင်းသုံး/ ရုံးသုံးပစ္စည်းများ၊ ဆေးနှင့်ဆေး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများနှင့် ဒေသခံပြည်သူများအတွက် အခြား ကူညီထောက်ပံ့ရေးပစ္စည်းများ တင်ဆောင်၍ ကလေးမြို့မှ ထွက်ခွာလာသည့် မော်တော် ယာဉ်များသည် ဖလမ်းမြို့နှင့် ဟားခါးမြို့များသို့ ထပ်မံရောက်ရှိခဲ့ကြောင်း သိရှိရသည်။
ဖလမ်းမြို့၊ ဟားခါးမြို့နှင့်ဒေသတစ်ဝိုက်ရှိ
နိုင်ငံ့ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများစားဝတ်နေရေးအဆင်ပြေစေရေးအတွက်
နိုင်ငံတော်အစိုးရက ထောက်ပံ့ပေး အပ်သည့် ထောက်ပံ့ပစ္စည်းများကို ရန်ကုန်မြို့နှင့်
မန္တလေးမြို့တို့မှတစ်ဆင့် တပ်မတော်လေယာဉ်ဖြင့် ကလေးမြို့သို့ ပို့ဆောင်ပေးခဲ့ပြီး
ဇွန်လ ၄ ရက်တွင် ကလေးမြို့မှတစ်ဆင့် ဖလမ်းမြို့နှင့် ဟားခါးမြို့သို့ မော်တော်ယာဉ်များဖြင့်
ဆက်လက်ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ဌာနဆိုင်ရာဝန်ထမ်းများလိုက်ပါလာပြီး
ထောက်ပံ့ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ်များသည် ဇွန်လ ၄ ရက် ညပိုင်းတွင် ဖလမ်းမြို့သို့လည်းကောင်း၊
ယနေ့မွန်းလွဲပိုင်းတွင် ဟားခါးမြို့သို့လည်းကောင်း အသီးသီးရောက်ရှိကြရာ မြို့နယ် အသီးသီးရှိ
ဌာနဆိုင်ရာတာဝန်ရှိသူများက ကြိုဆိုခဲ့ကြပြီး ရောက်ရှိလာသည့် အခြေခံစားသောက်ကုန်များ၊
လူသုံးကုန်ပစ္စည်းများနှင့် အခြားထောက်ပံ့ပစ္စည်းများကို ဒေသခံတိုင်းရင်းသားပြည်သူများအား
သက်ဆိုင်ရာတာဝန်ရှိသူများမှတစ်ဆင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ပစ္စည်းများသည်
ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ စားဝတ်နေရေး၊ ကျန်းမာရေး၊
ကျောင်းသားလူငယ်များ၏ ပညာရေး၊ မြို့ရွာ များပြန်လည်ထူထောင်ရေးနှင့် အခြားသော လိုအပ်ချက်များအတွက်
အထောက်အကူဖြစ် မည်ဖြစ်သဖြင့်ဒေသခံတိုင်းရင်းသားပြည်သူများက ဝမ်းမြောက်ကျေးဇူးတင်လျက်ရှိကြောင်းနှင့်
နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏လိုအပ်ချက်အပေါ်မူတည်၍ ထပ်မံဖြည့်ဆည်းပေး နိုင်ရေးအတွက်
စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။













No comments:
Post a Comment