Friday, June 12, 2026

(၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်းတွေ့ဆုံဆွေးနွေးပွဲ (10th Myanmar-Thai Navy to Navy Talks) ပြုလုပ်

 


နေပြည်တော် ဇွန် ၁၂

ရန်ကုန်မြို့တွင်ပြုလုပ်သည့် (၁၀) ကြိမ်မြောက် မြန်မာ-ထိုင်း နှစ်နိုင်ငံရေတပ်ချင်း (10th Myanmar-Thai Navy to Navy Talks) Naval Operations Department, Office of Policy and Planning Director Rear Admiral Chaksawat Saiwong အဖွဲ့သည် ဇွန် (၉) ရက် နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ပြီး တပ်မတော်(ရေ)မှ ကိုယ်စားလှယ်အဖွဲ့နှင့် ဇွန်(၁၀)ရက် နံနက်ပိုင်းတွင် ဧရာဝတီရေတပ် စခန်းဌာနချုပ်၌ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ကြသည်။

ထိုသို့ တွေ့ဆုံရာတွင် နှစ်နိုင်ငံရေတပ်ဆိုင်ရာကိစ္စရပ်များ၊ လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ သတင်းအချက်အလက်ဖလှယ်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံနယ်နိမိတ် တစ်လျှောက် ညှိနှိုင်းကင်းလှည့်နိုင်ရေးဆိုင်ရာကိစ္စရပ်များနှင့် စစ်ရေယာဉ်များ အပြန်အလှန်လည်ပတ်စဉ် ဆောင်ရွက်မည့်အစီအစဉ်ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။

အဆိုပါဆွေးနွေးချက်များအား သဘောတူလက်မှတ်ရေးထိုးပွဲကို ဇွန် (၁၁) ရက် နံနက်ပိုင်းတွင် သန်လျင်တပ်နယ်၊ ရေတပ်လေ့ကျင့်ရေးဌာနချုပ် သီရိမဟာဇေယျ ကျော်ထင်ခန်းမ၌ ပြုလုပ်ခဲ့ပြီး အထိမ်းအမှတ်တံဆိပ်များအပြန်အလှန်ပေးအပ်ကာ အမှတ်တရ စုပေါင်းဓာတ်ပုံ ရိုက်ခဲ့ကြသည်။

ရေတပ်လေ့ကျင့်ရေးဌာနချုပ်သို့ ရောက်ရှိစဉ် ထိုင်းဘုရင့်ကိုယ်စားလှယ်အဖွဲ့သည် တပ်မတော် (ရေ) နှင့် ထိုင်းဘုရင့်ရေတပ်တို့၏ လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ကြည့်ရှုခြင်းနှင့် ရေတပ်လေ့ကျင့်ရေးဆိုင်ရာ ဆင်မြူလေတာများ၏ သရုပ်ပြသမှုများကို လှည့်လည်ကြည့်ရှု၍ ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးခဲ့သည်။

ထိုင်းဘုရင့်ရေတပ်မှကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့်ပြန်လည်ထွက်ခွာရာ တပ်မတော်(ရေ)မှအရာရှိကြီးများနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ်စစ်သံမှူးတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ် ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment