Friday, June 12, 2026

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၂၅) သင်တန်းတွင် တက်ရောက်လျက်ရှိသည့် နိုင်ငံသားကောင်းများအား သွားရောက်တွေ့ဆုံအားပေး

 


နေပြည်တော် ဇွန် ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန်ကတ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားလျက်ရှိသည့် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၂၅) သင်တန်းမှ နိုင်ငံ့သားကောင်းသင်တန်းသားများအား ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အေးမင်းဦးနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံသည်။

ဦးစွာ တိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းသားများ လေ့ကျင့်သင်ကြားနေမှုများကို သွားရောက်ကြည့်ရှုအာပေးပြီး သင်တန်းသားအိပ်ဆောင်များ၊ သောက်သုံးရေကန်များ၊ သင်တန်းသား စားရိပ်သာ၊ စာချက်ဆောင်များ၌ ပြင်ဆင်ဆောင်ရွက်ထားရှိမှုတို့အား လိုက်လံကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် တိုင်းမှူးနှင့်တာဝန်ရှိသူများသည် သင်တန်းသားစားရိပ်သာ၌ သင်တန်းသားများနှင့်အတူ နေလည်စာသုံးဆောင်ကြပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment