နေပြည်တော် ဧပြီ ၃၀
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နေပြည်တော် ဥပ္ပါတသန္တိစေတီ တော်မြတ်ကြီး ပရိဝုဏ်တော် မြောက်ဘက်အရပ်ရှိ မဟာဗောဓိညောင်ပင်တော်များအား (၁၈) ကြိမ် မြောက် ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ညနေပိုင်းက ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများက မဟာဗောဓိညောင်ပင်တော်များကို ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။
အခမ်းအနားသို့
ပြည်ထောင်စုဝန်ကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည် ထောင်စုရာထူးဝင်အဖွဲ့ဥက္ကဋ္ဌနှင့်
ဇနီး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌနှင့်
ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးများနှင့်
ဇနီးများ၊ အခမ်းအနားတက်ရောက်လာကြသူများက “နမောတဿ” သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ခြင်း
မင်္ဂလာအခမ်းအနားကို ဖွင့်လှစ်ပြီး အခမ်းအနားမှူးက မဟာဗောဓိရုက္ခသိဉ္စန ပူဇာဂါထာတော်ကို
ရွတ်ဖတ်ပူဇော်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်
ဇနီးများသည် မဟာဗောဓိညောင်ပင်များအား သတ်မှတ်ထားသည့် နေရာများအလိုက် ညောင်ရေသွန်းလောင်း
ပူဇော်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပူဇော်ကြကာ လက်ယာရစ် လှည့်လည်ပူဇော်ကြသည်။
ယင်းနောက် အခမ်းအနားမှူးက
အောင်ဆုမင်္ဂလာ အမျှဝေစာတမ်းအား ဖတ်ကြားပြီး ကုသိုလ် အမျှပေးဝေကြကာ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု”
သုံးကြိမ်ရွတ်ဆိုဆုတောင်းပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment