နေပြည်တော် ဧပြီ ၃၀
မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတို့အား ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများစုပေါင်း၍ ဆီမီးတိုင်များဖြင့် လှည့်လည်ပူဇော်ခြင်းအခမ်းအနားကို ယနေ့ညနေ ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးပရိဝုဏ်နှင့် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်တို့တွင် ကျင်းပသည်။
ဦးစွာ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊
ဖွားမြင်တော်မူခြင်း၊ ဘုရားပွင့်တော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံတော်မူခြင်း စသည့်သရုပ်ပြယာဉ်များဖြင့်
ဝန်ကြီးဌာနများမှ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများသည် တပေါင်းကွင်းစုရပ်မှ စတင်ထွက်ခွာကြပြီး
ဥပ္ပါတသန္တိစေတီတော်မြတ် ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်ကြသည်။
ထိုမှတစ်ဆင့်
သရုပ်ပြယာဉ်များကို ဘုရားဖူးပြည်သူများ ဖူးမြော်ကြည်ညိုနိုင်ရန် မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း
အပူဇော်ခံထားရှိကာ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သတ်မှတ်လမ်းကြောင်းအတိုင်း
လက်ယာရစ်လှည့်လည်ပူဇော်ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment