နေပြည်တော် မေ ၁၅
ရှမ်းပြည်နယ် (တောင်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၆ ခုနှစ် နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ ပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား)၊ ရှမ်းပြည်နယ် (တောင်ပိုင်း) စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့နာယက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်နိုင်ဦးနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ အဖွဲ့ဝင်များ၊ စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်
တိုင်းမှူးတို့က အမှာစကားများအသီးသီးပြောကြားသည်။ ထို့နောက် ဗဟိုအမှုဆောင် အဖွဲ့
အဖွဲ့ဝင်တစ်ဦးက စစ်မှုထမ်းဟောင်းဆိုင်ရာများ ရှင်းလင်းတင်ပြပြီး ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့၏
နှစ်ပတ်လည်အစီရင်ခံစာကို ပြည်နယ်စစ်မှုထမ်းဟောင်းကြီးကြပ်ရေးအဖွဲ့ဝင်တစ်ဦးက
ဖတ်ကြားတင်ပြရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်
တိုင်းမှူးတို့က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့်
တိုင်းမှူးတို့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့်
အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။
ဆက်လက်၍ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား
နယ်မြေခံတပ်မတော်ဆေးရုံမှ ဆေးကုသရေးအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဆောင်ရွက်ပေးရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ၊
တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား
ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment