နေပြည်တော် မေ ၂၂
ပညာရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မူလတန်းဆရာ ဆရာမများအတွက် ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ် သင်တန်း (တတိယအကြိမ်) သင်တန်းဆင်းပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ
မူလတန်းတက်သည့် ကလေးတိုင်းမူကြိုကဲ့သို့ ကျောင်းပျော်အောင် ECCD နည်းစနစ်များဖြင့်
သင်ကြားလေ့ကျင့်ပေးနိုင်စေရန် သင်ခန်းစာအစီအစဉ်ရေးဆွဲခြင်းနှင့် စာသင်ခန်းစီမံခန့်ခွဲမှု၊
ကလေးဖွံ့ဖြိုးမှုနည်းလမ်းများကို အသုံးချပြီး လုပ်ငန်းခွင်အတွင်း မိမိကိုယ်ကို ယုံကြည်မှု၊
တာဝန်ယူမှုနှင့် ကျွမ်းကျင်မှုအရည်အသွေးများ မြင့်မားတိုးတက်လာအောင် ဆောင်ရွက်နိုင်ပါစေကြောင်း
မှာကြားပြီး သင်တန်းသား သင်တန်းသူများကိုယ်စား သင်တန်းသား တစ်ဦးကို သင်တန်းဆင်းလက်မှတ်များ
ပေးအပ်ချီးမြှင့်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ သင်တန်းသား
သင်တန်းသူများ၏ ကလေးဖွံ့ဖြိုးမှုဆိုင်ရာ သင်ထောက်ကူလက်မှုပစ္စည်းများကို
လှည့်လည်ကြည့်ရှုသည်။
အဆိုပါသင်တန်းကို
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အ.ထ.က (၁၄) တွင် ဧပြီ
၂၇ ရက်မှ မေ ၂၃ ရက်အထိ ဖွင့်လှစ်လျက်ရှိပြီး ပညာရေးဝန်ကြီးဌာနမှ သင်တန်းသား ၆၁
ဦးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ သင်တန်းသား
၂၅ ဦး စုစုပေါင်း ၈၆ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment