နေပြည်တော် မေ ၂၂
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ဒုတိယဝန်ကြီး ဦးသွင်အောင်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့ရှိ ဝါကြိတ်စက်ရုံ (ရမည်းသင်း) သို့ ရောက်ရှိပြီး ကာကွယ်ရေးဝန်ကြီးဌာန ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံးမှ စမ်းသပ်ထုတ်လုပ်ထားသည့် ကြိတ်လုံးနှစ်လုံးတပ်ဝါကြိတ်စက်ဖြင့် ဝါများစမ်းသပ်ကြိတ်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ်
ပြည်ထောင်စုဝန်ကြီးက ဝါကြိတ်စက်စမ်းသပ်လည်ပတ်နေစဉ်အတွင်း တွေ့ရှိခဲ့သည့်
အားနည်းချက်များကို မွမ်းမံပြင်ဆင်ခြင်းများ ဆောင်ရွက်ခဲ့သဖြင့် အဆင့်တစ်ခုအထိ
အောင်မြင်မှုများရရှိနေပြီဖြစ်၍ အရည်အသွေးပိုမိုကောင်းမွန်စေရေး ဆက်လက်ကြိုးစားဆောင်ရွက်ရန်၊
စမ်းသပ်ထုတ်လုပ်ထားသည့် ဝါကြိတ်စက်သည် သတ်မှတ်ထားသည့် အရည်အသွေးစွမ်းဆောင်ရည်များရရှိပြီးပါက
MSME လုပ်ငန်းရှင်များသို့
နည်းပညာများ လွှဲပြောင်းပေးသွားမည်ဖြစ်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိရမည်ဖြစ်ကြောင်း
မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment