နေပြည်တော် မေ ၁၉
အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်းသည် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ အားကစားကွင်း/အားကစားရုံများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ မင်းဘူးခရိုင်ဘောလုံးကွင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် မိုးလုံလေလုံ အားကစားရုံတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မိုးလုံလေလုံအားကစားရုံတွင် အားကစားသမား ၂၄ ဦးတို့အား ဝူရှူးနည်းစနစ်ပိုင်းဆိုင်ရာ သင်ကြားလေ့ကျင့်ပေးနေမှုကို ကြည့်ရှုအားပေးသည်။
ဆက်လက်ပြီး မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်အားကစားကွင်း/အားကစားရုံနှင့် တိုင်းဒေသကြီး အားကစားကွင်းတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံး၌ အရာထမ်း/အမှုထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံအမှာစကားပြောကြား၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများ၊ တင်ပြချက်များနှင့် အခက်အခဲများကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ဝန်ထမ်းများအားထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment