Monday, May 18, 2026

ပဲခူးတိုင်းဒေသကြီး၏ မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်

နေပြည်တော် မေ ၁၇

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲထွန်းဝင်းသည် ယမန်နေ့က မွေးမြူရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်ကုန်မြှင့်တင်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ်ရှိ ဘဲ၊ ကြက်၊ ဝက်၊ နွား မွေးမြူရေး တောင်သူများနှင့်တွေ့ဆုံ၍ လက်ရှိမွေးမြူထုတ်လုပ်ရေးအခြေအနေ၊ လုပ်ငန်းအလိုက်အတွေ့အကြုံများ၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးအတွက် အရင်းအနှီးလိုအပ်ချက်နှင့် နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးသည်။

ထို့နောက် ရေတာရှည်မြို့နယ် မြောက်နန်ချွန်ကျေးရွာရှိ မွေးမြူရေးတောင်သူ ဦးဟန်မြင့်စော၏ ဥစားကြက်ကောင်ရေ ၁၂၀၀၀ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ရေတာရှည်မြို့နယ် စည်ပင်ခန်းမ၌ ရေတာရှည်၊ ဆွာ၊ သာဂရ၊ မြို့လှမြို့နယ်များမှ ဘဲ၊ ကြက်၊ ဝက်၊ နွား မွေးမြူရေးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment