Monday, May 18, 2026

ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ကုန်သွယ်မှုဆိုင်ရာ အသိပညာပေးသင်တန်းဖွင့်ပွဲတက်ရောက်



နေပြည်တော် မေ ၁၇

ကုန်သွယ်မှုဆိုင်ရာအသိပညာပေးသင်တန်း ၁ / ၂၀၂၆ ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း - MRCCI အစည်းအဝေးခန်းမ၌ ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်၍ အမှာစကားပြောကြားသည်။

သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီးစီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးသိန်းဌေး၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အမှာစကားပြောကြား

ယမန်နေ့မွန်းလွဲပိုင်းကလည်း မန္တလေးတိုင်းဒေသကြီးရှိ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးမှူးရုံး၌ ဦးစီးဌာနများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပွဲသို့တက်ရောက်၍ အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment