Wednesday, April 29, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အခမ်းအနား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

နေပြည်တော် ဧပြီ ၂၈

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့် အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကို ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ သုံးရက်တိုင် ကျင်းပမည်ဖြစ်ရာ ထိုသို့ကျင်းပပုံများကို MRTV Parliament Channel မှ နေ့စဉ် တိုက်ရိုက် (Live) ရိုက်ကူး/ထုတ်လွှင့်ပေးမည်ဖြစ်သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားကို ဧပြီ ၃၀ ရက် နံနက် ၇ နာရီခွဲမှ စတင်မည်ဖြစ်ရာ MRTV HD, MRTV Parliament Channel၊ MWD HD၊ MWD Variety HD နှင့် အကျိုးတူရုပ်သံလိုင်းများဖြစ်သည့် Readers’ Channel၊ Sky Net Buddha Channel၊ Sky Net Up to Date Channel၊ HTV Sports Channel၊ SNDSY ရွှေနဒီရွှေရည် Channel တို့မှလည်းကောင်း၊ မြန်မာ့အသံရေဒီယို၊ ရွှေFM၊ ပတ္တမြားFM၊ ပဉ္စဝတီFM၊ မန္တလေးFM၊ ချယ်ရီ FM၊ FMပုဂံ၊ သဇင်FM၊ Star FM တို့မှလည်းကောင်း တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်ပြီး MRTV Website၊ MRTV App နှင့် Online တို့မှလည်း Live Streaming ထုတ်လွှင့်မည်ဖြစ်သည်။

ထို့ပြင် ဧပြီ ၃၀ ရက်ညပိုင်းတွင် ကျင်းပပြုလုပ်မည့် ဓမ္မသဘင်အခမ်းအနားကို MRTV HD Channel မှ ည ၈ နာရီ သတင်းအပြီးတွင် Delay ထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment