နေပြည်တော် ဧပြီ ၁၇
၁၃၈၈ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားတော်နာ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော် (C) ဆောင်၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရာဇဓာနီသာမဏေကျော်ကျောင်းတိုက် ပဓာနနာယက ဆရာတော်အရှင်တေဇောဘာသ အမှူးပြုသော သံဃာတော်အရှင်မြတ်တို့ ကြွရောက်တော်မူကြပြီး ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြသည်။
ဦးစွာ အရှင်တေဇောဘာသထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။
ထို့နောက် သံဃာတော်အရှင်မြတ်များက အန္တရာယ်ကင်းပရိတ်တရားတော်များနှင့် အနန္တရာယိက ကမ္မဝါစာများကို ရွတ်ဖတ်သရဇ္စျာယ်တော်မူကြသည်။
ယင်းနောက် ဆရာတော်သံဃာတော် အရှင်မြတ်များထံ လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment