နေပြည်တော် ဧပြီ ၂၈
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးသည် ယနေ့ နံနက် ၁၁ နာရီတွင် နေပြည်တော် ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် အစည်းအဝေးခန်းမ၌ ထိုင်းနိုင်ငံ သံရုံး ယာယီတာဝန်ခံ Mr. Yordying Supasri နှင့်အဖွဲ့အား လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာ၌
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ယာယီတာဝန်ခံက နှစ်နိုင်ငံကြား ဘဏ် လုပ်ငန်းဆိုင်ရာ
ကိစ္စရပ်များကို ဆွေးနွေးရာတွင် နိုင်ငံခြားငွေလဲလှယ်နှုန်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ
ပုဂ္ဂလိကကဏ္ဍ၏ ကုန်သွယ်မှုနှင့် ငွေရေးကြေးရေးဆိုင်ရာကိစ္စရပ်များတွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏
ပံ့ပိုးကူညီမှုများအတွက် ကျေးဇူးတင်ပါကြောင်း၊ ပို့ကုန်ရငွေမှ မြန်မာ ကျပ်ငွေသို့ လဲလှယ်ခြင်းကို
တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့သည့်မူဝါဒအား ကြိုဆိုပါကြောင်း၊ ထိုင်းနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များက
မြန်မာနိုင်ငံတွင် ထိုင်းဘတ်ငွေဖြင့် ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊
မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုကဏ္ဍ၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ပိုမို တိုးချဲ့ဆောင်ရွက်လိုပါကြောင်း၊
နည်းပညာဆိုင်ရာ အကူအညီများ လိုအပ်ပါက ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြား
သည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက
ပြန်လည်ဆွေးနွေးရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် ငွေကြေးတည်ငြိမ်မှု ရရှိစေရန်၊
ငွေလဲလှယ်နှုန်း တည်ငြိမ်မှုရှိစေရန်၊ ငွေကြေး ဖောင်းပွမှုလျော့ကျစေရန်၊ ငွေပေးချေမှုနှင့်
စာရင်းရှင်းလင်းမှုစနစ် ခိုင်မာတိုးတက်စေရန်၊ ဘဏ် လုပ်ငန်းစနစ် တည်ငြိမ်စေရန်တို့ကို
ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် ထိုင်းဘတ်အား ကုန်သွယ်မှုကဏ္ဍတွင်သာမက
ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဆောင်ရွက်လိုပါက ဆောင်ရွက် နိုင်ပါကြောင်း၊ ငွေရေးကြေးရေး
ဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်မှုနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ကိစ္စရပ် များ၊ နည်းပညာဆိုင်ရာ
ကိစ္စရပ်များ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ထိုင်းနိုင်ငံဘဏ်များနှင့် ညှိနှိုင်းပူးပေါင်း
ဆောင်ရွက်မည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။
တွေ့ဆုံပွဲသို့
မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဒုတိယဥက္ကဋ္ဌများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြသည်။
သတင်းစဉ်

No comments:
Post a Comment