Saturday, March 14, 2026

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၆) သို့ တက်ရောက်



ချမ်းအေးသာစံ မတ် ၁၄

မန္တလေးတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေးအမှတ်စဉ် (/၂၀၂၆)ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် မတ်လ ၁၃ ရက်နေ့မွန်းလွဲပိုင်းက ကျင်းပရာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင်  တိုင်းဒေသကြီးအတွင်း လယ်ယာမြေများ ထိခိုက်လျော့နည်းမှုများမရှိစေရေး၊ လယ်ယာမြေများပေါ်တွင် ခွင့်ပြုချက်မရှိဘဲ အခြားနည်းဖြင့် ကျူးလွန်အသုံးပြုခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် လယ်ယာမြေဥပဒေ၊ လယ်ယာမြေနှင့် လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ အလေးထားကာဆောင်ရွက်သွားရေး၊ ခွင့်ပြုထားသည့်လုပ်ငန်းများကိုလည်း သတ်မှတ်ခွင့်ပြုထားသည့်နည်းလမ်းများအတိုင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ စိစစ်ကြပ်မတ်ဆောင်ရွက်သွားရေးတို့ကို ပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး တိုင်းဒေသကြီး မြေစာရင်းဦးစီးဌာနမှ တိုင်းဦးစီးမှူးက လယ်ယာမြေဥပဒေပုဒ်မ-၃၀(ခ)အရ အခြားနည်းအသုံးပြုခွင့် လျှောက်ထားတင်ပြလာသည့် အမှုတွဲများအား ရှင်းလင်းတင်ပြပြီးနောက် တက်ရောက်လာကြသူများက လယ်ယာမြေစီမံခန့်ခွဲမှုလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ အထွေထွေကိစ္စရပ်များဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင် (ချမ်း/စံ)

No comments:

Post a Comment